Local Celebrity: ဘုရားတည်ကုသိုလ်ယူနေတဲ့ ဘုဏ်းသိုက်နဲ့ ချမ်းချမ်း

ပြင်ဦးလွင်မြို့ မြန်ပြည်သာကျေးရွာရှိ အေးချမ်းသာ ကိုးတောင်ပြည့်စေတီတည်ကာ ကုသိုလ်ယူနေတဲ့ ဘုဏ်းသိုက်တို့ မိသားစုလေး ဖြစ်ပါတယ်။

play

 

ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့မိသားစုကတော့ သြဂုတ်(၁၇)ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ်၊မြန်ပြည်သာကျေးရွာရှိ အေးချမ်းသာကိုးတောင်ပြည့်စေတီတော်ကို ထီးတော်တင်မယ်လို့ သိရပါတယ်။ အဲ့အကြောင်းကိုလည်း ချမ်းချမ်းက ယခုလိုပြောပြခဲ့ပါတယ်။

play

 

"ညီမ လိုအပ်နေတဲ့နေရာမှာ စေတီတည်တယ်၊ ဘုရားတည်တယ်ဆိုတာ ညီမတို့ မိသားစုအတွက် အမှတ် တရဖြစ်သလို ၇ ရက်သမီးအတွက် အကောင်း ဆုံးလက်ဆောင် ဖြစ်မယ်လို့လည်း ထင်ပါတယ်။ အစ်မရော ၊မိသားစု လည်းအရမ်းပြောပါတယ်၊ဒီစေတီတော်ကို အချိန် ၁လ ကျော်လောက် အချိန်ပေးပြီးတော့ တည်ထား တာပါ။ စေတီနာမည်ကိုတော့ အေးချမ်းသာစေတီ လိုနာမည်ပေးထားပါတယ်”လို့ ဆိုပါတယ်။

တကယ်လိုအပ်တဲ့နေရာမှာ ယခုလိုစေတီတည်ရတဲ့အတွက် အရမ်းလည်း ဝမ်းသာမိတယ်လို့ ပြောပါတယ်။

Photo : ချမ်းချမ်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ