Local Celebrity: ရေဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံခဲ့တဲ့ စိုးပြည့်သဇင်

, updated

ရေဘေးသင့်ပြည်သူတွေအတွက် သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

play

 

သြဂုတ်လ(၁၅)ရက်နေ့က သရုပ်ဆောင် စိုးပြည့်သဇင်က ပုသိမ်မြို့မှာ ရှိတဲ့ ရေဘေးသင့်ပြည်သူများဆီ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

ရေတွေလွှမ်းနေတဲ့ မြင်ကွင်းကို မြင်ရတာစိတ်မကောင်းပေမဲ့ အနုပညာရှင်တွေရောက်လာတော့ ဝမ်းပန်းတသာကြိုဆိုကြတဲ့ သူတို့ရဲ့ အပြုံးလေးတွေကို မြင်ရတော့ အရမ်းကို ပီတိဖြစ်မိပါတယ်လို့ စိုးပြည့်သဇင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။

play

 

စိုးပြည့်သဇင်ကတော့ ပရိသတ်တွေကို အားပေးနှစ်သိမ့်ရင်း သီချင်းတွေလည်း ဆိုပြခဲ့သလို အလှူအတန်းတွေလည်း လုပ်ခဲ့ပါတယ်။ ပရိသတ်တွေစိတ်ညစ်နေချိန်မှာ အပြုံးလေး တစ်ပွင့်ဖြစ်အောင် ဖန်တီးပေးခွင့်ရလို့လည်း ဝမ်းသာပီတိ ဖြစ်မိပါတယ်လို့ သူမက ဆိုပါတယ်။

Photo : စိုးပြည့်သဇင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ