Local Celebrity: ကောလာဟလတွေကို ပြန်ဖြေရှင်းတဲ့ စိုးထက်

အဆိုတော်ကောင်မလေး တစ်ယောက်နဲ့ ပရိသတ်တွေ အထင်မှားတာကို ခံနေရတယ်လို့သိရပါတယ်။

play

 

သရုပ်ဆောင်လောကထဲတွင် အောင်မြင်ဖို့ ကြိုးစားနေရင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် စိတ်ညစ်နေရတယ်လို့ စိုးထက်က ပြောပါတယ်။ အဆိုတော်ကောင်မလေး တစ်ယောက်မှာ သူ့ရဲ့ သူငယ်ချင်းဖြစ်ပြီး အဲဒီသူငယ်ချင်းနဲ့ ပရိသတ်တွေအချင်းချင်း အထင်မှားတာကို ခံနေရတယ်လို့ ဆိုပါတယ်။

play

 

"အဲလိုအထင်မှားတဲ့ ကိစ္စတွေက တော်တော်လေးတော့ ဂယက်ထသွားခဲ့တယ်။ ပြီးတော့ သူငယ်ချင်းကောင်မလေး ဘက်က ပရိသတ်တွေရဲ့ တိုက်ခိုက်တာကိုလည်း ခံလိုက်ရတယ်။ ဒါပေမဲ့ အခုလက်ရှိမှာတော့ အဆင်ပြေသွားပြီ။ အနုပညာလောကထဲဝင်လာကတည်းက ဒီလို အတိုက်အခိုက်တွေ ရှိမယ်ဆိုတာ သိပြီးသားပါ။ ဒါပေမဲ့ သူငယ်ချင်း အချင်းချင်းတွေ အဲလိုမျိုးဖြစ်သွားတဲ့ အတွက်တော့ စိတ်မကောင်းပါဘူး။" လို့ သူက ပြောပါတယ်။

play

 

အခုချိန်မှာ အနုပညာအလုပ်ကိုပဲ ဦးစားပေးလုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် အချစ်ရေးကိုလည်း မစဉ်းစားသေးပေမဲ့ ချစ်ရတဲ့ ပရိသတ်တွေနဲ့ We Love Soe Htet အဖွဲ့သားတွေအတွက် အချိန်ပေးဖြစ်နေသလို ပရဟိတအလုပ်တွေနဲ့ ဘာသာရေးလည်း လိုက်စားဖြစ်တယ်လို့ သိရပါတယ်။

Photo : စိုးထက် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ