Local Celebrity: ရေဘေးသင့်ပြည်သူတွေကို ခေါက်ဆွဲကြော်၊ ကြာဆံကြော် ကျွေးဖို့ ဟင်းသီးဟင်းရွက်တွေ အလှူခံတဲ့ ဦးကျော်သူ

သီရိမင်္ဂလာဈေးအတွင်းမှာ ဟင်းသီးဟင်းရွက်တွေ အလှူခံနေတာ ဖြစ်ပါတယ်။

play

 

ဧရာဝတီတိုင်းဒေသကြီးမှ ရေဘေးသင့်ပြည်သူများအတွက် ကြာဆံကြော်များ၊ ခေါက်ဆွဲကြော်များကို အာဟာရဒါန ပြုဖို့အတွက် နာရေးကူညီမှုအသင်းနဲ့ ကျော်သူပရဟိတကွန်ရက်အဖွဲ့က ဒီနေ့ နံနက်မှာ သီရိမင်္ဂလာဈေး အတွင်းတွင် ဟင်းသီးဟင်းရွက်များ လိုက်လံ အလှူခံခဲ့တယ်လို့ သိရပါတယ်။

play

 

လိုက်လံအလှူခံရာမှာလည်း ငွေသားများလက်ခံခြင်းမရှိဘဲ ဟင်းသီးဟင်းရွက်များကိုသာ အလှူခံခဲ့ပြီး အာဟာရဒါန ကိစ္စကိုသာ အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဦးကျော်သူတို့ ပရဟိတကွန်ရက်အနေနဲ့ ရေဘေးသင့်ပြည်သူများဆီသို့ အဆက်မပြတ် သွားရောက်လှူဒါန်းလျက်ရှိပါတယ်။

Source & Photo : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ