Local Celebrity: မြန်မာတစ်နိုင်ငံလုံးလှည့်လည်ကာ အငြိမ့်ကဖို့ စီစဉ်နေတဲ့ ဇာဂနာ

အငြိမ့်ကို လွတ်လွတ်လပ်လပ် မကရတာ (၂၈)နှစ်လောက် ရှိနေပြီလို့ ဆိုပါတယ်။

play

 

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးလှည့်လည်ကာ အခမဲ့ အငြိမ့်ကပြဖို့ ဦးဇာဂနာ စီစဉ်နေတယ်လို့သိရပါတယ်။ အငြိမ့်ကပြဖို့ အစီအစဉ်ကို လွန်ခဲ့တဲ့ နှစ်လလောက်က ဆွေးနွေးခဲ့တာ ဖြစ်ပြီး မကြာခင် အကောင်အထည် ဖော်နိုင်တော့မယ်လို့ ဆိုပါတယ်။

play

 

အငြိမ့်ကို လမ်းဘေးတွေမှာ အခမဲ့ အငြိမ့်ကပြသွားမှာ ဖြစ်ပြီး ကပြမယ့် အဖွဲ့တွေကိုတော့ သီးလေးသီး၊ ဟားငါးကောင်၊ ယူနစ်၊ အာရှဟားမယ် စတဲ့အဖွဲ့တွေနဲ့ ဆက်တိုက်ကပြသွားမှာ ဖြစ်ပါတယ်။

ယခင်ကတည်းက ရှိခဲ့တဲ့ ယဉ်ကျေးမှု တစ်ခုကို ပြန်လည်ဖော်ပြခွင့်ရတော့မှာ ဖြစ်တဲ့အတွက် ဝမ်းသာမိကြောင်းနဲ့ အခမဲ့ အငြိမ့်ကိုတော့ (၁၁)လပိုင်းမှာ စတင်ကပြမှာ ဖြစ်ပြီး မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ စတင်ကပြဖို့ ရွေးချယ်ထားတယ်လို့ သိရပါတယ်။

Source : Yangon Media Group

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ