Local Celebrity: သြဂုတ်လ(၂၄)ရက်နေ့တွင် စတင်ရိုက်ကူးမယ့် "သူငယ်" ရုပ်ရှင်ဇာတ်ကား

, updated

"သူငယ်" ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲအခမ်းအနားကို ဒီနေ့ နံနက်က နိုဗိုတယ်ဟိုတယ်မှာပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

"သူငယ်" ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနားနှင့် သရုပ်ဆောင် ကျော်ထက်အောင်အား စာနယ်ဇင်းများနဲ့ မိတ်ဆက်ပေးခြင်းအခမ်းအနားကို သြဂုတ်လ(၁၆)ရက်နေ့ နံနက်(၉)နာရီတွင် နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

 

အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးမှာ ပထမဦးဆုံး ရိုက်ကူးထုတ်လုပ်မည့် သူငယ်ရုပ်ရှင်ဇာတ်ကားကြီးတွင် သရုပ်ဆောင်သစ်ဖြစ်သည့် ကျော်ထက်အောင်မှ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သွားမည်ဖြစ်ပြီး အဲ့ဒီဇာတ်ကား ထဲတွင် ရဲအောင်၊ မင်းဦး၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်နှင့် မာရီကိုးလ်တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒါရိုက်တာ အရုဏ်ဦး ပွင့်သိင်္ဂိဇော်ရိုက်ကူးမယ့် သူငယ်ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ(၂၄)ရက်နေ့တွင် ရန်ကုန်မြို့မှာ စတင်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ