Local Celebrity: ဂီတသက်တမ်း (၁၃)နှစ်ပြည့်ပြီဖြစ်တဲ့ ဖြူဖြူကျော်သိန်း

, updated

ဒီနေ့ကတော့ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ ဂီတသက်တမ်း (၁၃)နှစ် ပြည့်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။

play

 

ဂီတလောကထဲတွင် ပရိသတ်အခိုင်အမာရရှိထားပြီး အောင်မြင်မှု သရဖူဆောင်းနိုင်ခဲ့တဲ့ အဆိုတော် ဖြူဖြူကျော်သိန်း ကတော့ ဂီတသက်တမ်း(၁၃)နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူကျော်သိန်းကတော့ ပရိသတ်တွေရဲ့ အသည်းကျော် တစ်ယောက်လည်း ဖြစ်ပါတယ်။

play

 

ယခုလိုမျိုး ဂီတသက်တမ်း(၁၃)နှစ်ထိ ရပ်တည်လာနိုင်အောင် အဘက်ဘက်ကနေ ပံ့ပိုးပေးကြတဲ့ ဆရာသမားများနဲ့ လုပ်ဖော်ကိုင်ဖက်များ၊ အိုင်းရင်းခရောခ့် အဖွဲ့သားများ ပရိသတ်များအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။

play

 

သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေရဲ့ မေတ္တာအင်အားနဲ့ နောက်ထပ် ဂီတနှစ်များစွာကို ဆက်လက်ရင် ဆိုင်ဖြတ်သန်းဖို့ အဆင့်သင့်ပါပဲလို့ သူမက ဆိုပါတယ်။

Photo : ဖြူဖြူကျော်သိန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ