Local Celebrity: ရိုက်စား ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး

, updated

မင်းသမီးကတော့ လန်ဒန်သူ မော်ဒယ်တစ်ယောက်ကို ငှားမယ်လို့ သိရပါတယ်။

play

 

"ရိုက်စား" ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲ အခမ်းအနားကို ဒီနေ့ နံနက်က ရွှေတိဂုံဘုရားတွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားကြီးကို ဒါရိုက်တာ မိုက်တီးရိုက်ကူးမှာ ဖြစ်ပြီး ပြေတီဦးနဲ့ နိုင်ငံခြား မော်ဒယ်တစ်ယောက်တို့ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တယ်လို့ သိရပါတယ်။

play

 

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း ပြေတီဦးက "ဇာတ်လမ်းဖတ်ပြီးကတည်းက ကျွန်တော်အားရမိတဲ့ ရုပ်ရှင်ပါ။ ကြိုးစားရဦးမယ့် ကားတစ်ကားပါ။ အမျိုးတွေ(ပရိသတ်) အားလုံး စိတ်ဝင်စားတဲ့ ကားတစ်ကားဖြစ်မယ်လို့ ယုံကြည်ထားပါတယ်"သူရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားပါတယ်။

အဲ့ဒီဇာတ်ကားထဲတွင် ပြေတီဦးနဲ့အတူ လန်ဒန်သူ မော်ဒယ်သရုပ်ဆောင်က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး ခင်လှိုင်၊ စိုးမြတ်သူဇာ၊ မိုးသီး၊ ဗေလုဝနဲ့ အခြားသော အနုပညာရှင်များစွာ ပါဝင်ထားတယ်လို့ သိရါတယ်။

Photo : ပြေတီဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ