Local Celebrity: အိမ်တက်မင်္ဂလာ ပြုလုပ်ခဲ့တဲ့ ပိုပို

play

 

သြဂုတ်လ(၁၇) ရက်နေ့ ဒီနေ့မှာ အဆိုတော် ပိုပိုက သူမရဲ့ အိမ်သစ်တက်ပွဲနဲ့ ဝါဆိုသင်္ကန်းကပ် ဘုရားအနေ ကဇာတင် အလှူလုပ်ဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးပေးထားပါတယ်။ ဒီအလှူကို သူငယ်ချင်းများနဲ့ အနုပညာရှင် မောင်နှမတွေကို မဖိတ်ဖြစ်တဲ့အတွက်လည်း ခွင့်လွှတ်ဖို့ ပြောထားပါသေးတယ်။

play

 

ဒါပေမယ့် နီးစပ်ရာ အနုပညာရှင်တွေကတော့ လာရောက်ကူညီပေးခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

play

 

ပိုပိုကတော့ သူမရရှိတဲ့အနုပညာငွေကြေးတွေထဲကမှ မိဘမဲ့ကလေးများနဲ့ ရဟန်းသံဃာများ အခြားသော အလှူများကို တက်နိုင်သလောက် လှူဒါန်းဖြစ်တဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo : ပိုပို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ