Local Celebrity: ပရိသတ်တွေနဲ့ ရေဘေးသွားလှူတဲ့ ဟိန်းဝေယံ

ညောင်တုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများဆီ သွားရောက်လှူဒါန်းတယ်လို့ သိရပါတယ်။

play

 

သရုပ်ဆောင် ဟိန်းဝေယံကတော့ We love Hein Wai Yan အဖွဲ့နဲ့အတူ ညောင်တုန်းမြို့နယ်ရှိ  ရေဘေးသင့် ပြည်သူများဆီသို့ သြဂုတ်လ (၁၇) ရက်နေ့ ဒီနေ့မှာ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

ညောင်တုန်းမြို့နယ်ရှိ သောင်တန်းအညာစုကျေးရွာမှာ ရှိတဲ့ ရေဘေးသင့်ပြည်သူများအတွက် အင်္ကျိများ၊ ဆန်၊ ဆီ၊ခေါက်ဆွဲနဲ့ မုန့်များကို ပရိသတ်များနဲ့ ပျော်ရွှင်စွာ လှူဒါန်းနေတဲ့ ပုံရိပ်များကိုလည်းတွေ့ရပါတယ်။

play

 

ကျန်းမာရေး ပြန်လည် ကောင်းမွန်လာတဲ့ ဟိန်းဝေယံက ဇာတ်ကားတွေ မရိုက်ကူးသေးပေမယ့် MTV ရိုက်ကူးမှုတွေ၊ ကြော်ငြာရိုက်ကူးမှုတွေ ပြန်လည် ပြုလုပ်နေပြီလို့ သိရပါတယ်။

Photo : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ