Local Celebrity: သရုပ်ဆောင် မလုပ်ဘူးဆိုတဲ့ ခင်စုစုနိုင်

ဂီတဘက်ကိုပဲ ကျွမ်းကျင်တာ ဖြစ်တဲ့အတွက် သရုပ်ဆောင်ဘက်ကို ပြောင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

play

 

ဂီတဘက်မှာ ထူးချွန်တဲ့ ခင်စုစုနိုင်က ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး လှပတဲ့ အဆိုတော်တစ်ယောက် ဖြစ်ပေမဲ့ သရုပ်ဆောင်ဘက်ကိုတော့ ကူးပြောင်းဖို့ စိတ်ကူးမရှိဘူးလို့ ဆိုပါတယ်။ ဂီတကိုပဲ ကျွမ်းကျင်တာ ဖြစ်သလို ပရိသတ်တွေ ရွေးချယ်ပေးတဲ့လမ်းကလည်း ဂီတဖြစ်နေတာကြောင့် သရုပ်ဆောင်အလုပ်ကို လုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

play

 

လက်ရှိမှာတော့ သူမရဲ့ ဒုတိယမြောက် "ကိုယ်ပိုင်စိတ်ကူး" ကို  MTV ရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

play

 

MTV အခွေကိုလည်း မိုးကုန်တာနဲ့ စတင်အကောင်အထည်ဖော် ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီးတော့လည်း အတွဲအခွေလေးတွေမှာ ပါဝင်ထားပြီး မကြာခင် ထွက်ဖို့ ရှိတယ်လို့ သိရပါတယ်။

Source : Yangon Media Group

Photo  : ခင်စုစုနိုင် ဖေ့စ်ဘွန်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ