Local Celebrity: ကျားကိုက်ပြီး သေသွားတယ်လို့ နာမည်ထွက်လာပြန်တဲ့ သွန်းဆက်

ဒီသတင်းကို သွန်းဆက်ကိုယ်တိုင် သူမရဲ့ အကောင့်မှာ ပြန်ရှယ်ထားတာ ဖြစ်ပါတယ်။

play

 

မကြာခင်ရက်ပိုင်းက ဇာတ်ကားရိုက်ကူးနေတဲ့ သွန်းဆက်က အဲ့ဒီဇာတ်ကားအတွက် ဇာတ်ဝင်ခန်းတစ်ခန်းကို ရိုက်ကူးရင်း ရိုက်ကွင်း ဓာတ်ပုံကို သူမရဲ့ အကောင့်မှာ တင်လိုက်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းတော့ သူမပြေးလာရင်း ကားတိုက်ခံရတဲ့ ဓာတ်ပုံလေး ဖြစ်ပါတယ်။

play
ကားတိုက်ခံရတဲ့ အခန်းကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။
play
ဇာတ်ကားရိုက်ကူးရင် ပဲပေးနေတာတဲ့ ဓာတ်ပုံလေးပါ။

 

အဲ့ဒီဓာတ်ပုံကို အနုပညာရှင်တွေရဲ့ မဟုတ်မမှန်သတင်းတွေကို ရေးနေတဲ့ ပေ့ခ်ျတစ်ခုက သွန်းဆက် ကျားကိုက်ခံရလို့ သေဆုံးဆိုပြီး သတင်းတင်လိုက်ပါတယ်။ ဒီလိုသတင်းမျိုး ထွက်လာတော့မယ် ဆိုတာကိုလည်း သွန်းဆက်ရဲ့ ပရသိတ်တွေက သိထားပြီးထားဖြစ်နေပါတယ်။

play

 

အဲဒီသတင်းကို သွန်းဆက်က ကိုယ်တိုင်ရှဲထားပြီး ယခုလိုမျိုး ပြန်ရေးထားပါတယ်။

"အော် .ငါ့ နှယ်နော်။ ကျားတောင်ကိုက်ပီး သေရဦးမယ် တဲ့ ၊ မှတ်သားလောက်ပါပေတယ်ကွယ်.။ ပြီးတော့ သူတင်ထားတဲ့ပုံထဲက အတိုင်းဆိုရင် အသက်ငင်ရင် အဲ့လို " ပါးဖောင်း ပီး နှုတ်ခမ်း ဆူ " ထားရတာလားဟင်"ဆိုပြီး ပြန်ရေးထားပါတယ်။

play

 

ဒီသတင်းကတော့ သွန်းဆက်ရဲ့ပရိသတ်တွေအတွက် စိုးရိမ်စရာသတင်းမဟုတ်တော့ဘဲ ရယ်စရာကောင်းတဲ့ သတင်းတစ်ပုဒ်ဖြစ်လို့ နေပါတော့တယ်။

Photo : သွန်းဆက်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ