Local Celebrity: မကြာခင် ရိုက်ကူးတော့မယ့် "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကား

သြဂုတ်လ(၂၅)ရက်နေ့မှာ စတင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

play
ရိုက်ကူးရေးအတွက် ဆွေးနွေးနေကြတဲ့ အနုပညာရှင်များ

 

ဇွန်လအတွင်း ရိုက်ကူးဖို့ ပြင်ဆင်ခဲ့တဲ့ အဲဒီဇာတ်ကားကို ရိုက်ကူးရေး နေရာ အခက်အခဲကြောင့် ရိုက်ကူးရေး ရက်ရွှေ့ခဲ့ရပါတယ်။ ယခုအခါမှာတော့ "ကြောက်ကြောက်ကြောက်"ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ(၂၅) ရက်နေ့မှာ စတင်ရိုက်ကူးတော့မယ်လို့သိရပါတယ်။

play

 

အဲ့ဒီဇာတ်ကားကြီးမှာ ရုပ်ရှင်ဇာတ်ကားကြီးတွင် နေတိုး၊ ထွန်းထွန်း၊ မင်းသွေး၊ အလင်းရောင်၊ သိန်းလင်းစိုး၊ ဂျိုကာ၊ ဖြိုးဇော်လင်း၊ ခင်ဝင့်ဝါ၊ နန်းမြတ်ဖြိုးသင်း၊ ပိုပို၊ မေမြင့်မိုရ်တို့က အဓိကပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

ဒါရိုက်တာ သြရသရိုက်ကူးမယ့် အဲဒီဇာတ်ကားကြီးကို Myanmar Media 7မှ ထုတ်လုပ်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

Photo : ကိုဝေလင်းမောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ