Local Celebrity: မန္တလေးမှာလည်း သင်တန်းဖွင့်မယ့် လိုင်လာခမ်း

အကသင်တန်းနဲ့ မိတ်ကပ်သင်တန်းကို မန္တလေးတွင် တစ်ရက်အပြတ် သွားရောက်သင်ကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

play


လိုင်လာခမ်းရဲ့ မွေးနေ့အမှတ်တရအစီအစဉ်အနေနဲ့ Bollywood အကနဲ့ မိတ်ကပ်သင်တန်းကို မန္တလေးမြို့တွင် တစ်လတိတိဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ Rhythm & Style Inter'l Academy လို့ နာမည်ပေးထားတဲ့ သူမရဲ့ သင်တန်းကို ရန်ကုန်မြို့မှာလည်း ဖွင့်လှစ်ထားပါသေးတယ်။

play

 

မန္တလေးမြို့မှာ ဖွင့်လှစ်မယ့် သင်တန်းကိုတော့ စက်တင်ဘာလ(၃)ရက်နေ့ စနေနေ့တွင် (၁)ရက်အပြတ် သင်တန်းအဖြစ်သင်ကြားပေးသွားမှာ ဖြစ်ပြီး သင်တန်းသူ သင်တန်းသားများကို Completion Certificate များလည်း ပေးသွားမယ်လို့ သိရပါတယ်။

play

 

သင်တန်းတက်မယ့်သူများအနေနဲ့ သြဂုတ်လ(၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီမှ (၆း၀၀)နာရီအတွင် No. 57/4 ရွှေဆည်ကုန်မာဆိုင် 25-26/ 83-84 လမ်းကြား သရဖီလမ်းကြားတွင် စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။ သင်တန်းအချိန်များကိုလည်း လိုင်လာခမ်းရဲ့ ဖေ့စ်ဘွတ်မှာ ဝင်ရောက်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

Photo : လိုင်လာခမ်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ