Local Celebrity: မြို့ငါးမြို့ ဖျော်ဖြေပွဲ သွားဦးမယ့် ဝေလ

, updated

အဆိုတော်လေးဦးနဲ့အတူ မြို့ငါးမြို့ကို ဖျော်ဖြေရေး ခရီးစဉ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

play

 

ပရိသတ်အားပေးမှုနဲ့ "အဓိပတိဖွား"အခွေဟာ  အရောင်းရဆုံး တေးစီးရီးခွေ ဖြစ်လာပြီး အဲ့ဒီစီးရီးခွေ ပိုင်ရှင်ကတော့ အဆိုတော် ဝေလ ဖြစ်ပါတယ်။ ဝေလကတော့ လက်ရှိမှာ ရှိုးပွဲတွေ သီဆိုနေရပြီး မကြာခင်မှာလည်း "အဓိပတိဖွား" စီးရီးကို ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

play

 

MTV ရိုက်ကူးရာတွင်လည်း သီချင်းအားလုံးဟာ ပရိသတ်နဲ့ရော ဝေလနဲ့ပါ ထပ်တူကျတဲ့သီချင်းတွေ ဖြစ်တာ ကြောင့် သီချင်းအပုဒ်အပြည့်ကို MTV အဖြစ် ပုံဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

သြဂုတ်နဲ့ စက်တင်ဘာလထဲမှာလည်း ဖျော်ဖြေပွဲတွေ ဆက်တိုက်ရှိနေပြီး (၉)လပိုင်း ထဲမှာ အဆိုတော် လေးဦးနဲ့အတူ မြို့ကြီးငါးမြို့ကို ဖျော်ဖြေရေး ခရီးစဉ်များ သွားရောက်ဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။

Source : 8days Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ