Local Celebrity: စိုးမြတ်သူဇာ နေပြန်ကောင်းသွားပါပြီ

ယနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လာမယ်လို့ သိရပါတယ်။

play

 

ပြီးခဲ့သည့် ရက်ပိုင်းက အစာအိမ်နဲ့ပတ်သက်ပြီး နေမကောင်းဖြစ်တာကြောင့် ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူခဲ့ရတဲ့ စိုးမြတ်သူဇာကတော့ ယခုလက်ရှိမှာ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြီလို့ သိရပါတယ်။

play

 

ကျန်းမာရေး ပြန်လည်ကောင်းမွန်နေပြီ ဖြစ်တာကြောင့် သြဂုတ်လ(၁၉)ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လာမှာ ဖြစ်သလို စိတ်ပူနေကြတဲ့ ပရိသတ်တွေကိုလည်း မကြီးစိုး ကျန်းမာရေး ပြန်ကောင်းသွားပြီဖြစ်တယ်လို့ မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်က ပြောပါတယ်။

စိုးမြတ်သူဇာအနေနဲ့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖို့ ရှိပေမဲ့ အနားယူမလား ဆက်ရိုက်ဖြစ် မလားဆိုတာတော့ မသေချာသေးဘူးလို့ သိရပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ