AD
AD
AD
play

 

မြန်မာ့ရုပ်ရှင်လုပ်ငန်းကြီး တိုးတက်ပြောင်းလဲဖို့အတွက် ကျင်းပပြုလုပ်တဲ့ ရုပ်ရှင်ဖိုရမ်ကို ဒီနေ့မှာ စတင် ကျင်းပနေပြီ ဖြစ်ပါတယ်။ နှစ်ရက်တာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး အနုပညာလောကသားများအားလုံး မည်သူမဆို တက်ရောက်ဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ထားတဲ့ ပွဲလည်း ဖြစ်ပါတယ်။

သြဂုတ်လ(၁၉)ရက်နေ့မှာ ကျင်းပတဲ့ ရုပ်ရှင်ဖိုရမ်မှာတော့ အနုပညာလောကသားတက်ရောက်ခဲ့ကြသလို Pre Production, Production, Post Production နှင့် Exhibition (ရုံ တင်ပြသခြင်း) များကို အပြန်ပြန်အလှန်လှန် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်းကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်အနေနဲ့ သမ္မတနဲ့ ခရီးသွားနေတာ ဖြစ်တဲ့အတွက် အဲဒီနေ့မှာ မတက်ရောက်နိုင်ခဲ့ပေမဲ့ သြဂုတ်လ(၂၀)ရက်နေ့မှာ တက်ရောက်မယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD