Local Celebrity: ၂၁ ရာစု ပင်လုံအတွက် ကြိုဆိုထားတဲ့ သီချင်း

သီချင်းဆိုပြိုင်ပွဲတွေထဲက နာမည်ကြီးတွေနဲ့ လူငယ်အဆိုရှင်တွေ စုပေါင်းကာ ဖန်တီးထားတယ်လို့ သိရပါတယ်။

play

 

မကြာခင် ပြုလုပ်တော့မယ့် (၂၁)ရာစု ပင်လုံညီလာခံကို ကြိုဆိုတဲ့အနေနဲ့ လူငယ်အဆိုရှင်များက သီချင်းတစ်ပုဒ် ပါဝင်သီဆိုဖို့ ဖန်တီးထားတယ်လို့ သိရပါတယ်။

အဲဒီသီချင်းမှာ စောဖိုးခွားနဲ့အတူ အိမ်မက်ဆုံရာ ပြိုင်ပွဲမှာ Winner ဆုရှင် ထက်အောင်နဲ့ Myanmar Idol အဆိုပြိုင်ပွဲမှ နင်ဇီမေတို့ပါဝင်သလို ဟစ်ဟော့ပ်အဆိုရှင် လူငယ်တစ်ဦးလည်း ပါဝင်မယ်လို့ သိရပါတယ်။

အဲ့ဒီသီချင်းကို တစ်ပုဒ်တည်း ထုတ်သွားမှာ ဖြစ်ပြီး သြဂုတ်လ (၃၁)မတိုင်ခင် မီအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ