Local Celebrity: အွန်လိုင်းမှာ သီချင်းတင်မယ့် မိစန္ဒီ

သြဂုတ်လပိုင်းထဲမှာ အွန်လိုင်းကနေ သီချင်းတစ်ပုဒ်တင်မယ်လို့ သူမက ဆိုပါတယ်။

play

 

ဖျော်ဖြေရေးပွဲတွေ တောက်လျှောက်သွားဖြစ်နေတဲ့ မိစန္ဒီက သြဂုတ်လထဲမှာ ပရိသတ်တွေအတွက် အွန်လိုင်းကနေ သီချင်းတစ်ပုဒ်တင်ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီသီချင်းကို MTV ပုံစံ တစ်ခါတည်း ရိုက်ကူးပြီး တင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

လက်ရှိအချိန်မှာတော့ အဲ့ဒီသီချင်းကို ပုံဖော်ရိုက်ကူးဖို့ အတွက် ပြင်ဆင်နေပြီး သီချင်းကို ဗာရှင်းနှစ်မျိုးနဲ့ လုပ်ထားတယ်လို့ ဆိုပါတယ်။

စီးရီးသစ်မထွက်ခင် စပ်ကြားမှာ အဲ့ဒီသီချင်းလေးကို ပရိသတ်တွေအတွက် တင်ပေးဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

Source : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ