Local Celebrity: ကချင်လူမျိုး မိန်းကလေးအဆိုတော် စုပေါင်းကာ အခွေလုပ်မယ်လို့ သိရ

play

 

နာမည်ကြီး မိန်းကလေး အဆိုတော်များ စုပေါင်းပြီး အခွေတစ်ခွေလုပ်မယ်လို့ သိရပါတယ်။ အဲ့ဒီအခွေအတွက် ပါဝင်တဲ့ အဆိုရှင်တွေအားလုံး စုပေါင်းကာ တိုင်ပင်ဆွေးနွေးနေကြပုံကို ကချင်အဆိုရှင် တစ်ယောက်ဖြစ်တဲ့ ဆူဇီရဲ့ အကောင့်မှာ Live လွှင့်ခဲ့ပါတယ်။

play

 

ကချင်သီချင်းခွေထဲမှာ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ ကချင်သီချင်းလေးတွေကို ပြန်ဆိုမှာ ဖြစ်ကာ သီချင်းခွေထွက်ဖို့ကိုလည်း ပြင်ဆင်နေကြတုန်းလို့ သိရပါတယ်။ အဲ့ဒီသီချင်းခွေမှာ ဆူဇီ၊ ရေပက္ကာဝင်၊ L ဆိုင်းဇီတို့ အပြင် အခြားသော ကချင်လူမျိုး မိန်းကလေး အဆိုရှင်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

Photo : ဆူဇီ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ