Local Celebrity: သြဂုတ်လမှာ ထွက်ရှိမယ့် ပိုးအိစံရဲ့ "ဘွန္တောထွက်စို့"

တစ်ကိုယ်တော် တေးအယ်လ်ဘမ်ကို သြဂုတ်လ(၃၁) ရက်နေ့မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။

play

 

အဆိုတော် ပိုးအိစံရဲ့ "ဘွန္တောထွက်စို့" တစ်ကိုယ်တော်တေးအယ်လ်ဘမ်ကို သြဂုတ်လ(၃၁) ရက်နေ့တွင် Sun Music က ထုတ်လုပ်ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီသီချင်းခွေထဲမှာတော့ သီချင်းအသစ်များနဲ့ အဟောင်းများကို ရောပြီးထည့်ထားသလို အဟောင်းထဲက ပရိသတ်သိရှိခဲ့တဲ့ တေးသီချင်းများလည်း ပါဝင်မယ်လို့ ပိုးအိစံက ဆိုပါတယ်။

play

 

" ဘွန္တောထွက်စို့" သီချင်းခွေမှာတော့ တေးသီချင်း စုစုပေါင်း (၈)ပုဒ်ပါဝင်မှာ ဖြစ်ပြီး တေးသီချင်းအဟောင်း(၆)ပုဒ်နဲ့ သီချင်းအသစ် (၂)ပုဒ်ပါဝင်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီးတော့လည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် သီချင်းများ တိုက်နေတယ်လို့ သိရပါတယ်။

Photo : ပိုးအိစံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ