Local Celebrity: မင်းသမီးလူရွှင်တော်တွေ ပါဝင်မယ့် အငြိမ့်ပွဲ

စက်တင်ဘာလ(၉)ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။

play

 

ပရိသတ်များရဲ့ အချစ်တော် မင်းသမီးများနဲ့ အဆိုတော်များမှ လူရွှင်တော်အနေနဲ့ ပါဝင်မယ့် "ခေတ်သစ်ဧကရီ" အနုပညာကပွဲကို စက်တင်ဘာလ(၉)ရက်နေ့မှာ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီအနုပညာအငြိမ့် ဖျော်ဖြေပွဲက အငြိမ့်သီးသန့်ကြီး မဟုတ်ဘူးလို့ စီစဉ်သူ Bo Bo Music Production မှ ကိုဘိုစန်းက ဆိုပါတယ်။

play

 

အဲ့ဒီဖျော်ဖြေပွဲကြီးမှာ ပရိသတ်တွေအတွက် အမှတ်တရ ဖြစ်စေဖို့ နာမည်ကြီး မင်းသားတစ်လက်ပါဝင်ထားတယ်လို့ သိရပါတယ်။ လူရွှင်တော်မင်းသမီးများအဖြစ်အိချောပို ၊ နန်းသူဇာ ၊ ခင်ဝင့်ဝါ ၊ မေမြင့်မိုရ် တို့ကပါဝင်မှာ ဖြစ်ပြီး မင်းသားများအနေနဲ့ကျော်ကျော်ဗို သိန်းလင်းစိုးတို့ ကပြဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများကိုတော့ ခုနှစ်ထောင်ကျပ်၊ တစ်သောင်းကျပ်နဲ့ နှစ်သောင်းကျပ်တို့ဖြင့် ရောင်းချသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ