Local Celebrity: ပိုကီမွန်ကြောင့် လိမ္မာသွားတဲ့ နိုင်းဝမ်း

, updated

"ကျွန်တော်အရင်လို မဆိုးတော့ဘူးလို့" နိုင်းဝမ်းက ဆိုပါတယ်။

play

 

မြန်မာနိုင်ငံမှာ ခေတ်စားလာတဲ့ ပိုကီမွန်ဂိမ်းက အဆိုတော် နိုင်းဝမ်းကို လိမ္မာစေခဲ့ပါပြီ။ နိုင်းဝမ်းက ပိုကီမွန်ဂိမ်းပေါ်လာကတည်းက သောကြာနေ့ညနဲ့စနေနေ့ ညတွေမှာ အရင်လို အရက်လည်းမသောက်ဖြစ်သလို ၊ ကလပ်လည်း မတက်ဖြစ်ဘူးလို့ သူ့ရဲ့ အကောင့်မှာ ရေးထားပါတယ်။

play

 

မနက်မိုးလင်းတာနဲ့ ရွှေတိဂုံဘုရားအရိပ်မှာ ခိုလှုံရင်း  ပိုကီမွန် အကောင်တွေ ဖမ်းနေသလို ညစဉ်ညတိုင်းလည်း သူငယ်ချင်းတစ်ယောက်နဲ့ အကောင်တွေ လိုက်ဖမ်းနေရလို့ပါလို့ သူက ဆိုပါတယ်။ လက်ရှိမှာလည်း MTV ရိုက်ကူးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

Photo : နိုင်းဝမ်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ