Local Celebrity: သီချင်းဘက်ကို ပိုပြီး အာရုံစိုက်နေတဲ့ ဂျူးစံသာ

တစ်ကိုယ်တော်အခွေထွက်နိုင်အောင် ကြိုးစားနေတယ်လို့သိရပါတယ်။

play

(၁၂)လပိုင်းနဲ့ (၂)လပိုင်းကြားထဲမှာ ထွက်မယ့် သူမရဲ့ တစ်ကိုယ်တော်အခွေ အချိန်ပေးပြီး ပြင်ဆင်ဖြစ်နေတယ်လို့ သိရပါတယ်။

play

သီချင်းခွေအတွက် ပြင်ဆင်နေရာမှာလည်း တစ်ဝက်လောက်ပြီးနေပြီဖြစ်ကာ သူမရဲ့သီချင်းတွေကိုလည်း ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။ တစ်ကိုယ်တော်အခွေထွက်ပြီးသွားရင်လည်း သီချင်းဘက်ကို ပိုပြီး လုပ်ဖြစ်မယ်လို့ မျှော်မှန်းထားသလို လက်ရှိမှာလည်း သီချင်းတွေကိုပဲ အာရုံပိုစိုက်ထားတယ်လို့ ဆိုပါတယ်။

play

 

ဂျူးစံသာက အလှမယ်ပြိုင်ပွဲပြီးနောက်မှာလည်း MC တစ်ယောက်အနေနဲ့ ရပ်တည်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Source : 8days Journal

Photo  : ဂျူးစံသာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ