Local Celebrity: "ရိုက်စား" ဇာတ်ကားက အရင်ဇာတ်ကားကို ပြန်ရိုက်တာမဟုတ်ဘူး ဆိုတဲ့ မိုက်တီး

ပြည်ပကို ထိုးဖောက်ဖို့အတွက်လည်း နိုင်ငံခြားမင်းသမီးနဲ့ ရိုက်တာမဟုတ်ဘူးလို့ သူက ပြောပါတယ်။

 

မကြာခင်ရိုက်ပိုင်းက စတင်ရိုက်ကူးနေတဲ့ "ရိုက်စား" ရုပ်ရှင်ဇာတ်ကားဟာ ယခင်က နာမည်ကြီးခဲ့တဲ့ ဇာတ်ကားကို ပြန်လည် ရိုက်ကူးထားခြင်းမဟုတ်ဘူးလို့ ဆိုပါတယ်။ နာမည်ကိုပဲ ယူထားတာဖြစ်ပြီး ဇာတ်လမ်းအကုန်လုံးက ဒီနေ့ခေတ်ပုံစံမျိုး ရိုက်ကူးထာထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

အဲ့ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပုံစံမှာ ဟာသဇာတ်ကားမျိုးဖြစ်ပြီး နိုင်ငံခြားသူတစ်ယောက်ကိုလည်း ထည့်သွင်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။ "ရိုက်စား" ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ(၁၉)ရက်နေ့ကတည်းက ရန်ကုန်မှာ စတင်ရိုက်ကူးနေတာ ဖြစ်ပြီး ထိုင်းနိုင်ငံ ပတ္တရားကန်းခြေတွင် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

play

"ရိုက်စား " ရုပ်ရှင်ဇာတ်ကားမှာ ပြေတီဦးနဲ့အတူ လန်ဒန်သူ မော်ဒယ်သရုပ်ဆောင်က အဓိက ပါဝင်သရုပ် ဆာင်ထား ပြီး ခင်လှိုင်၊ စိုးမြတ်သူဇာ၊ မိုးသီး၊ ဗေလုဝနဲ့အခြားသော အနုပညာရှင်များ ပါဝင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ