Local Celebrity: အလှူများစွာနဲ့ မွေးနေ့ကို ဖြတ်သန်းခဲ့တဲ့ ရွှေစင်

သြဂုတ်လ(၂၁)ရက်နေ့က ရွှေစင်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။

play

 

သြဂုတ်လ(၂၁) ရက်နေ့မှာ ကျရောက်တဲ့ ရွှေစင်ရဲ့ မွေးနေ့ကို မိသားစုနဲ့အတူ အလှူများနဲ့ ဖြတ်သန်းခဲ့ပါတယ်။ မွေးနေ့အလှူကို အစီအစဉ်သုံးခုနဲ့ ပြုလုပ်ခဲ့ပါတယ်။

play

 

ပထမအလှူအနေနဲ့ လိုအပ်တဲ့ ရွာများတွင် စတုဒီသာများနဲ့ ဆန်အိတ်များလှူဒါန်းခဲ့ပါတယ်။ ဒုတိယအလှူကိုတော့ မန္တလေးတိုင်း ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် သင်တောင်းရွာ၊ တောင်လွှဲရွာ၊ တောင်နောက်ရွာ၊ ကျောက်ကုန်းရွာ လေးရွာမှာ စတုဒိသာများနဲ့လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

  play

 

တတိယမွေးနေ့အလှူအဖြစ် ရွာလေးရွာက ကလေးတွေကို တစ်ဦးချင်းစီတွင် ပညာသင်ရာတွင် လိုအပ်တဲ့ စာအုပ်၊ ခဲတံ၊များနဲ့ အခြားလိုအပ်တာများကို လှူဒါန်းခဲ့တယ်လို့ သူမရဲ့ အကောင့်ပေါ်မှာ မွေးနေ့ အစီအစဉ်လေးတွေကို ရေးထားပါတယ်။ မွေးနေ့အလှူလုပ်နေတဲ့ ပုံရိပ်လေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ယခုလိုတွေ့ရပါတယ်။

Photo : ရွှေစင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ