Local Celebrity: ရေဘေးသင့်ပြည်သူများဆီ သွားရောက်လှူဒါန်းခဲ့တဲ့ သဘင်အဖွဲ့သားများ

သဘင်အဖွဲ့အစည်းအနေနဲ့ အဆက်မပြတ်လှူဒါန်းမှုများ လုပ်နေတာကို တွေ့ရပါတယ်။

play

play

 

မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး(ဗဟို)မှ ဥက္ကဌမြို့ရွှေမန်းသားဖိုးချစ်နဲ့အတူ အတွင်းရေမှူး ဦးမိုးဝင်းနှင့် EC များ ၊ လူမှုကူညီစောင့်ရှောက်ရေးဗဟို နာယက ဦးချမ်းသားနဲ့ ဥက္ကဌ တင်မောင်ဆန်းမင်းဝင်း၊ ဒုတိယဥက္ကဌ ဟန်ဇာမိုးဝင်းနဲ့ နိုင်ငံကျော် ဟာသလူရွှင်တောများနဲ့ သဘင်မှ ပညာရှင်များမှာ  သြဂုတ်လ(၂၂)ရက်နေ့က ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် အေးရွာလေးနဲ့ ရေတိမ်ကြီး ရွာတို့ကို ရေဘေးလှူဒါန်းခဲ့ကြပါတယ်။

play

 

သဘင်ပညာရှင်များအနေနဲ့ ရေဘေးသင့်ပြည်သူများအတွက်ဆိုပြီး အဖွဲ့များခွဲကာ အလှူခံခြင်းများ ပြုလုပ်ပြီး ယခုလို လိုအပ်တဲ့ ရေဘေးသင့်ကျေးရွာများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ