Local Celebrity: တစ်ကိုယ်လုံးဖော်တဲ့ ပုံတွေတော့ မရိုက်ဘူးဆိုတဲ့ ဘေဘီမောင်

တစ်ကိုယ်လုံး ဖော်ချွတ်တာ Sexy မဟုတ်ဘူး Nude ရိုက်တာ ဖြစ်သွားပြီလို့ ဆိုပါတယ်။

play

 

အနုပညာလောကထဲ ဝင်ခါစမှာ Sexy ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပြီး နာမည်ရလာတဲ့ ဘေဘီမောင်က လက်ရှိမှာတော့ ဖက်ရှင်ပိုင်းမှာ ပိုပြီး ဂရုစိုက်လာတာကို တွေ့ရပါတယ်။ အရင်တုန်းကတော့ sexy ဓာတ်ပုံတွေနဲ့ ဖော်သင့် သလောက် ဖော်ပြီး ရိုက်ခဲ့ပေမယ့် အခုချိန်မှာတော့ အဲ့လို သိပ်မရိုက်ချင်တော့ဘူးလို့လည်း ဆိုပါတယ်။

play

 

ဘေဘီမောင်အနေနဲ့ အခုနောက်ပိုင်းမှာ အမြဲတမ်းလုံခြုံပြီး လှနေတာကိုပဲ ကြိုက်တော့တယ်လို့ သူမက ပြောပါတယ်။ ဘေဘီမောင်က မကြာသေးခင်က " ဝုန်းပလိုက်မယ်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီးသွားသလို (၉)လပိုင်းထဲမှာလည်း အိန္ဒြာကျော်ဇင်၊ ပက်ထရစ်ရှာတို့နဲ့ ရှေးခေတ်ကားတစ်ကား ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

play

 

သူမပါဝင်ထားတဲ့ "ရပ်ကွက်ဘုရင်မ(၂)"လည်း မကြာခင်ရုံတင်ဖို့ ရှိတာကြောင့် အားပေးကြပါဦးလို့ ပြောထားပါတယ်။

Source : Yangon Media Group

Photo  : ဘေဘီမောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ