Local Celebrity: ဇာတ်ကားရိုက်ကူးဖို့ ကမ်းလှမ်းခံနေရပြီဆိုတဲ့ နီနီခင်ဇော်

သီချင်းဆိုတာ မဝသေးဘူးဆိုပြီး ငြင်းခဲ့တယ်လို့ သိရပါတယ်။

play

 

ရှိုးပွဲတွေ ဆက်တိုက် ဆိုနေရတဲ့ နီနီခင်ဇော်ကတော့ ပွင့်လင်းရာသီတွေမှာ ရှိုးပွဲတွေ ရှိသေးတယ်လို့ သိရပါတယ်။ သီချင်းတွေ ဆက်တိုက်ဖျော်ဖြေနေရတဲ့ သူမကို ဇာတ်ကားတွေ ရိုက်ကူးဖို့အတွက် ကမ်းလှမ်းတာမျိုးတွေ ရှိနေပြီလို့လည်း သိရပါတယ်။

play

 

ဒါပေမယ့် နီနီခင်ဇော်ကတော့ လောလောဆယ်မှာ ရုပ်ရှင်ရိုက်ဖို့ မစဉ်းစားသေးသလို သီချင်းဆိုတာ လည်း  အားမရသေးပါဘူးလို့ ဂျာနယ်တစ်ခုမှာ ဖြေထားပါတယ်။

play

 

မကြာခင်အချိန်မှာလည်း ပရိသတ်တွေလက်ထဲကို "အနီရောင်"MTVနဲ့ "super red" နှုတ်ခမ်းနီ အရောက် ထည့်ပေးနိုင်ဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။

Source : Morning Post Journal

Photo  : နီနီခင်ဇော် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ