Local Celebrity: ဖိုရမ်ဆွေးနွေးချက်များကို အကောင်အထည်ဖော်ဖို့ ကော်မတီတစ်ရပ်ဖွဲ့စည်းမည်

play

 

မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ဖိုရမ်မှာ ဆွေးနွေးသွားတဲ့ အချက်အလက်များကို အကောင်အထည် ဖော်ရွက်နိုင်ဖို့ အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းသွားမည်ဖြစ်တယ်လို့ သိရပါတယ်။

အနုပညာရှင်များ၊ အတတ်ပညာရှင်များပါဝင်ဆွေးနွေးခဲ့တဲ့ အချက်အလက်များအနက် အမြန်မာဆုံး အကောင် အထည်ဖော်ဆောင်နိုင်တဲ့ အချက်အလက်တွေကို ရွေးချယ်ပြီး ဆောင်ရွက်သွားမယ်လို့ ဖိုရမ်ဖြစ်မြောက်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဇာဂနက ဆိုပါတယ်။

မြန်မာရုပ်ရှင်ဖွံ့ဖြိုးရေး ဖိုရမ်ကို သြဂုတ်လ(၁၉)ရက်နေ့နဲ့ (၂၀)ရက်တို့တွင် Park Royal Hotel မှာ  နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။အဲ့ဒီပွဲကိုလည်း အနုပညာအသိုင်းအဝိုင်းများ၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ အနုပညာရှင်များ တက်ရောက်ခဲ့ကြကာ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

Source : Yangon Media Group

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ