Local Celebrity: သရုပ်ဆောင်ပိုင်းကော၊ ဂီတပိုင်းအတွက်ပါ ကြိုးစားနေတဲ့ မေမြတ်နိုး

တစ်ကိုယ်တော်အခွေကိုလည်း ဒီနှစ်ထဲမှာ ထွက်နိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

play

 

အနုပညာအလုပ်တွေ စိတ်လာတဲ့ မေမြတ်နိုးကတော့ ဒီနှစ်ထဲမှာ တစ်ကိုယ်တော်အခွေထွက်နိုင်အောင် ပြင်ဆင် နေတယ်လို့ ဆိုပါတယ်။ သီချင်းပြင်ဆင်မှုပိုင်းမှာ ငါးဆယ်ရာခိုင်နှုန်းလောက် ပြီးသွား ပြီဖြစ်ပြီး အင်္ဂလိပ် သီချင်းတစ်ပုဒ်လည်း ထည့်ထားတယ်လို့ သိရပါတယ်။

play

 

ဂီတဘက်ကို လှုပ်ရှားနေသလိုပဲ သရုပ်ဆောင်ပိုင်းတွင်လည်း ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ ရှိတယ်လို့ သူမက ပြောပါတယ်။ သရုပ်ဆောင်မြင့်မြတ်နဲ့အတူ ဘဝသရုပ်ဖော် ဇာတ်ကားတစ်ကားရိုက်ကူးဖို့ ရှိတယ်လို့ ဆိုပါတယ်။

play

 

အလှမယ် မေမြတ်နိုးဟာ သရုပ်ပိုင်းတွင် ဇာတ်ကားကြီး လေးကား ရိုက်ကူးထားသူလည်း ဖြစ်သလို ဇာတ်လမ်းတွဲ များတွင်လည်း ပါဝင်သရုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

Source : Yangon Media Group

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ