Local Celebrity: အနုပညာရှင်များ ပါဝင်တဲ့ကား အမြန်လမ်းမှာ ကားဘီးတာရာပွင့်သွားခဲ့

ဒီနေ့နံနက်(သြဂုတ်လ ၂၄ ရက်) မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

play

 

အဆိုတော်များနဲ့ မင်းသားများ ပါဝင်ခဲ့တဲ့ မဟာယူနိုင်တက်ဘောလုံးအသင်းရဲ့ ကားက ဒီနေ့နံနက်( သြဂုတ်လ ၂၄ ရက်) မြင်းမူမြို့သို့ သွားရာ အမြန်လမ်းမပေါ် မိုင်တိုင် ၃၄၅ မိုင်မှာ ကားဘီး တာယာ ပွင့်သွားခဲ့တယ်လို့ သိရပါတယ် ။   ကားတာယာပွင့်ခဲ့ပေမဲ့ အဖွဲ့သားတွေ အားလုံး ဘုရားတရားလုပ်လာခဲ့ပေလို့ ဆိုးဆိုးရွားရွား ဘာမှ မဖြစ်ခဲ့ဘူးလို့ မဟာယူနိုင်တက်ဘောလုံးအသင်းမှာ ပါဝင်သူ သရုပ်ဆောင် နေဒွေးက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားပါတယ်။

play

 

ယခုလက်ရှိမှာတော့ အဆင်ပြေစွာ မြင်းမူမြို့ထဲကို ရောက်ရှိနေပြီဖြစ်တယ်လို့ နေဒွေးက ပရိသတ်တွေ အတွက် ထုတ်လွှင့်ခဲ့တဲ့ Live မှာ ပြောပြခဲ့ပါတယ်။ မဟာယူနိုင်တက်အသင်းမှာတော့ နေဒွေး၊ Dဖြိုး၊ ယုန်လေး၊ နိုင်းဝမ်း၊ ဝေလျှံ၊ ထွန်းထွန်း၊ မိုးယံဇွန်တို့အပြင် အခြားသော အနုပညာလည်း ပါဝင်တယ်လို့ သိရပါတယ်။

play

 

မဟာယူနိုက်တက်အဖွဲ့ဟာ ဖိုးချစ်ဇာတ်ရှိတဲ့ မြင်းမူသို့ သွားကာ ရေဘေးအတွက် အတွက် ဘောလုံးသွားကန်မှာ ဖြစ်သလို ဖျော်ဖြေရေးအတွက် သွားရောက်တာလို့ သိရပါတယ်။

Photo : နေဒွေးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ