Local Celebrity: "စားတယ်" ရုပ်ရှင်ကရတဲ့ အမြတ်ထဲမှ ရေဘေးအတွက် လှူဒါန်းမည်

play

 

ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ "ကိုတင့်တို့ စူပါရပ်ကွက်" ရုပ်ရှင်ဇာတ်ကားရဲ့ နောက်ဆက်တွဲ ကားဖြစ်တဲ့ "စားတယ်" ရုပ်ရှင်ဇာတ်ကားမှ ရလာတဲ့ အမြတ်များကို ခွဲဝေကာ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းနိုင်ရန် စီစဉ်ထားတယ်လို့ သိရပါတယ်။ အခုလောလောဆယ်မှာတော့ သရုပ်ဆောင် ဦးအရိုင်းမအားသေးတာကြောင့် သေချာ မစီစဉ်နိုင်သေးတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။

play

 

"ကိုတင့်တို့စူပါရပ်ကွက်" ရုပ်ရှင်ဇာတ်ကားတုန်းကလည်း ရရှိခဲ့တဲ့ အမြတ်များထဲမှ ငွေကြေးတစ်ချို့ ကို  ပါဝင် သရုပ်ဆောင်ထားတဲ့ အနုပညာရှင်များကိုယ်တိုင် ပဲခူးတိုင်းမြို့နယ်သို့ သွားရောက်လှူဒါန်းမှုများလုပ်ခဲ့ကြပါတယ်။

play

 

"စားတယ်" ရုပ်ရှင်ဇာတ်ကားထဲတွင် အထူးသရုပ်ဆောင်များအဖြစ် အရိုင်း၊ မိုးပြည့် ပြည့်မောင်တို့မှ ပါဝင်ထားပြီး သရုပ်ဆောင်ရဲအောင်၊ ရာဇာနေဝင်း၊ လွင်မိုး၊ မင်းဦး၊ ခန့်စည်သူ၊ နေမျိုးအောင်၊ ကျော် ကျော်ဗို၊ ထွန်းထွန်း၊ ဖိုးချစ်၊ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်၊ အေးမြတ်သူ၊ မိုးယုစံ၊ စံရတီမိုးမြင့်တို့အပြင် အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင် ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်သလို B Channel တွင် ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

Source : Yangon Media Group

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ