Local Celebrity: ကိုယ်လုပ်ချင်တာ လုပ်တဲ့ ထွန်းအိန္ဒြာဗို

Reflection ဇာတ်ကားကြီးမှာ ပါဝင်တဲ့ သူမရဲ့ ကာရိုက်တာ ဖြစ်ပါတယ်။

play

 

Reflection ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်နေတဲ့ ထွန်းအိန္ဒြာဗိုရဲ့ ကာရိုက်တာကတော့ ကိုယ်လုပ်ချင်တာကို မရရအောင် လုပ်တဲ့ အမျိုးသမီး တစ်ယောက် ခေါင်းမာပြီး ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်တဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

play

 

အဲ့ဒီဇာတ်ကားထဲမှာ မေနက္ခတ်အဖြစ် ထွန်းအိန္ဒြာဗိုက သရုပ်ဆောင်ထားတာ ဖြစ်ပြီး Lesbian Scene လည်း ရိုက်ကူးရမှာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ Reflection ဇာတ်ကားထဲမှာ ထွန်းအိန္ဒြာဗိုအနေနဲ့ ဖက်ရှင်ကို ဦးစားပေးစရာသိပ်မလိုသလို သူမကလွဲလို့ ကျန်တဲ့ အမျိုးသမီး သရုပ်ဆောင်တွေရဲ့ အလှအပကို တွေ့ရမယ့် ဇာတ်ကားဖြစ်တယ်လို့ ပြောပါတယ်။

play

 

Reflection ဇာတ်ကားထဲမှာ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်၊ ပက်ထရစ်ရှာ စတဲ့ အမျိုးသမီး သရုပ်ဆောင်များသာ ပါဝင်မှာ ဖြစ်ပြီး ဒါရိုက်တာ လူမင်းက ပုံဖော်ရိုက်ကူးပေးသွားမှာ ဖြစ်ပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ