Local Celebrity: ဇာတ်ကားတွေ ပြန်ရိုက်ကူးနေတဲ့ သင်ဇာဝင့်ကျော်

သြဂုတ်လထဲမှာ ကားအက်ဆီးဒန့်ဖြစ်ခဲ့တာကြောင့် ရိုက်ကူးရေးတွေ နားထားရာက ယခုပြန်လည်ရိုက်ကူးနေတာ ဖြစ်ပါတယ်။

play

 

ကားအက်ဆီးဒင့်ကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ နားထားတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က သြဂုတ်လ (၂၄) ရက်နေ့ကစကာ ဇာတ်ကား ရိုက်ကူးမှုတွေ ပြန်လုပ်နေတာကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တွေ့မြင်ရပါတယ်။

play

 

ကားအက်ဆီးဒင့်ကြောင့် မျက်နှာ၊လက်၊ တံတောင်ဆစ် အနည်းငယ်ပွန်းပွဲသွားပြီး ဘယ်ဘက်လက်သန်း ကျိုးသွား ခဲ့တယ်လို့ ဂျာနယ်တစ်ခုမှာ ရေးသားထားပါတယ်။

play

 

အခုလက်ရှိမှာတော့ စိုးမြတ်သူဇာ၊ ရဲလေး၊ ကျော်ရဲအောင်တို့နဲ့အတူ ရိုက်ကူးနေတဲ့ ဓာတ်ပုံတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို တွေ့မြင်ရပါတယ်။

Photo : သင်ဇာဝင့်ကျော် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ