Local Celebrity: အလှမယ်များဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့ ပုဂံမြို့သို့ ထွက်ခွာ

လိုအပ်တဲ့ နေရာများကို တစ်ထောင့်တစ်နေရာက ပါဝင်ကူညီနိုင်ဖို့ သွားရောက်တာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

အလှမယ်များ စုပေါင်း ဖွဲ့စည်းထားတဲ့ Miss Myanmar Charity Group ဟာ ဆိုရင် ဒီနေ့ညနေ (သြဂုတ်လ ၂၅ရက်)မှာ ငလျင်ဒဏ်ခံခဲ့ရတဲ့ ပုဂံမြို့သို့ ထွက်ခွာသွားပြီ ဖြစ်တယ်လို့  အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ထားထက်ထက်က သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားပါတယ်။

play

 

သြဂုတ်လ(၂၄)ရက်နေ့ညနေက လှုပ်ခတ်သွားတဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်တို့ တည်ရှိရာ မြန်မာတို့ရဲ့နှလုံးသားလို့ တင်စားရမယ့် ပုဂံရှေးဟောင်း ဘုရားစေတီတောင်များ မြေခပျက်စီးခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။

play

 

မြန်မာ့အမွေအနှစ်များး ထိန်းသိမ်းစောင့်ရှောက်ရန်နဲ့ ပျက်စီးပါကလည်း မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်တာများကို တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီဆောင်နိုင်ဖို့အတွက် အလှမယ်လေးများက ပုဂံမြို့သို့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

Photo : ထားထက်ထက် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ