Local Celebrity: ဘုရားပေးတဲ့ အသက်ပဲ ရှိတော့တယ်ဆိုတဲ့ ခိုင်သဇင်ငုဝါ

ပုဂံမှာ ဓာတ်ပုံသွားရိုက်ရင်း ငလျင်လှုပ်တာနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

play

 

ပုဂံမှာ ဓာတ်ပုံသွားရိုက်ရင်း ငလျင်ဒဏ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ခိုင်သဇင်ငုဝါက  သူမရဲ့ နောက်ဆုံးအချိန်လို့တောင် ထင်ခဲ့မိတယ်လို့ ဆိုပါတယ်။ ငလျင်လှုပ်နေချိန်မှာ သူမတို့ ရိုက်ကူးရေး တစ်ဖွဲ့လုံး လောကဥသျှောင် ဘုရားပေါ်သို့ ရောက်နေတာ ဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

ဘေးအန္တရာယ်ကနေ လွတ်မြောက်ခဲ့ပြီး ဘုရားပေးတဲ့ အသက်ပဲ ရှိပါတော့တယ်။ နောက်ထပ် ၁၀စက္ကန့်သာ ထပ်လှုပ်ခဲ့ရင် အားလုံးရဲ့ ဘဝဆိုတာ မတွေးဝံ့စရာပါပဲ။ စိတ်ပူပြီး မေးကြတဲ့ မိတ်ဆွေတွေ အားလုံးနဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ ဘုရားတွေ အတွက် နှမြောစိတ်မကောင်းဖြစ်မိပါတယ်" လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားပါတယ်။

play

 

လက်ရှိအချိန်ထိ ပုဂံမှာဘဲ ရှိနေသေးတဲ့သူမက ငလျင်လှုပ်တဲ့အချိန်က အဖြစ်အပျက်ကြီးကို ပြန်တွေးတိုင်း ကြက်သီးထမိပါတယ်လို့ ဆိုပါတယ်။

Photo : ခိုင်သဇင်ငုဝါ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ