Local Celebrity: ခန္ဓာကိုယ်ကို အစားနဲ့ ထိန်းတဲ့ ထွန်းရတီ

, updated

အသီးအရွက်ကိုစားတော့ အသားအရေကို အရမ်းကြီး ဂရုစိုက်စရာမလိုဘူးလို့ ဆိုပါတယ်။

play

 

အဆိုတော် ထွန်းရတီကတော့ အလှအပနဲ့ပတ်သက်ပြီး အသားအရေလှအောင် အသီးအရွက်များများ စားပေးတယ်လို့ သူမက ဆိုပါတယ်။ အိပ်ရာထတာနဲ့ ရေသောက်ဖြစ်တဲ့ သူမက တစ်နေ့လုံးလည်း ရေပဲ သောက်တာများ တာကြောင့် အသားအရေကို ကြည်လင်တယ်လို့ ပြောပါတယ်။

play

 

များသောအားဖြင့် အသီးအနှံကို ဦးစားပေးပြီး စားတတ်တဲ့ သူမက ခန္ဓာကိုယ် ဝိတ်တတ်လာပြီ ထင်တာနဲ့ ညနေပိုင်းအတွက် အစားအစာကို လုံးဝလျှော့ကာ ခန္ဓာကိုယ်ကို အစားအသောက်နဲ့ပဲ ထိန်းတာများသလို အသီးအရွက်စားတာကြောင့် အသားအရေကိုလည်း အရမ်းကြီး ဂရုစိုက်စရာမလိုဘူးလို့ ကျန်းမာရေးပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ သူမက ဖြေပေးထားပါတယ်။

Source : Shape Journal

Photo  : ထွန်းရတီ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ