Local Celebrity: နိုင်ငံကိုယ်စားပြု အလှမယ် (၆) ဦးပေါ်ထွက်လာ

မြန်မာကိုယ်စားပြု အလှမယ် (၆)ဦးကို သြဂုတ်လ(၂၅)ရက်နေ့ညမှာ ရွေးချယ်လို့ ပြီးခဲ့ပြီ ဖြစ်ပါတယ်။

play

 

Miss Golden Land Myanmar 2016 နောက်ဆုံး ဖိုင်နယ်ပြိုင်ပွဲကြီးကို သြဂုတ်လ(၂၅)ရက်နေ့ ညနေ(၆)နာရီက စတင်ကာ ရန်ကုန်မြို့ MCC ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

play

 

 ဆန်ခါတင် အလှမယ်အယောက် (၂၀)မှ အဆင့်ဆင့်ရွေးချယ်ခဲ့ကာ နောက်ဆုံးအဆင့် မြန်မာနိုင်ငံကိုယ်စားပြုမယ့် အလှမယ်(၆)ဦးကတော့ ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

play

play

 

နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်မယ့် အလှမယ်(၆)ဦးတို့မှာ Miss Globe Myanmar 2016အတွက် Miss Yangon North မှ မြတ်အိနြေ္ဒထက်၊ Miss Tourism Myanmar 2016အတွက် Miss Shane  State South မှ ခက်ခက်ဇာ၊ Miss Face of Beauty Myanmar 2016အတွက် Miss Tanithari Region မှ ခြူးသိမ့်မြတ်နိုး၊ Miss Intercontinental Myanmar 2016 အတွက် Miss Magway Region မှ နီနီနိုင်ဝင်း၊ Miss Earth Myanmar 2016 အတွက် Miss Kayin State မှ နန်းခိုင်ရွှေဝါ၀င်း၊  Miss Supranational Myanmar 2016အတွက် Miss Naypyitaw Capital City မှ ဆွေဇင်ထက် တို့က ဆုများအသီးသီးရရှိသွားခဲ့သလို  1st Runner Up ဆုကို Miss Kayar State မှ ပိုးဝသုန်ကျော်၊ 2nd Runner Up ကို  Miss Chin State မှ အိမ့်ပြည့်ကျော်တို့က ဆုများ ရရှိခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ