Local Celebrity: ဝဝလှလှပျိုမေတွေအတွက် အလှမယ်ရွေးချယ်ပွဲ ပြုလုပ်မယ်

, updated

Miss 200lbs Beauty Queen 2016 Contest ပြိုင်ပွဲ ကျင်းပမယ်လို့ သိရပါတယ်။

play

 

ကိုယ်အလေးချိန် ပေါင် (၁၈၀)နဲ့အထက် အမျိုးသမီးတွေ အတွက် ပထမဆုံး အကြိမ် ပြုလုပ်မယ့် Miss 200lbs Beauty Queen 2016 Contest ကို ကျင်းပပြုလုပ်တော့မှာ ဖြစ်တယ်လို့သိရပါတယ်။ အဲဒီပြိုင်ပွဲကို စက်တင်ဘာလ(၃)ရက်နေ့တွင် မြရိပ်ညိုဟိုတယ်ရှေ့ရှိ City FM ရုံးဝင်းထဲတွင် ပြုလုပ်မှာ ဖြစ်ပါတယ်။

Miss 200lbs Beauty Queen 2016 Contest ပြိုင်ပွဲကို ဝင်ရောက်လျှောက်ထားသူ ကိုယ်အလေးချိန်ပေါင် ၁၈၀ နဲ့အထက် အမျိုးသမီးများ (၂၀)ဦးခန့် ရှိနေပြီး အဲ့ဒီထဲကမှ တစ်ဦးကို Plus Size Miss Beauty Queen အဖြစ် ရွေးချယ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ပြိုင်ပွဲအတွက် အသက်အရွယ် ကန့်သတ်ထားခြင်း မရှိဘဲ ပေါင်အလေးချိန် ၁၈၀ နဲ့အထက်ရှိတဲ့ အပျိုများသာမက အိမ်ထောင်သည်များကိုလည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုထားတယ်လို့ သိရပါတယ်။

Miss 200lbs Beauty Queen ပြိုင်ပွဲဝင်ကြေးမှာ တစ်ထောင်ကျပ်ဖြစ်ပြီး ဖျော်ဖြေပွဲတွင် VIP လက်မှတ်ကို ၁၂,၀၀၀ ကျပ်နှင့် ရိုးရိုးလက်မှတ်ကို ၈,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

Source & Photo : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ