Local Celebrity: ဒေသထွက်ကုန်များနဲ့ တီထွင်ထားတဲ့ ဖက်ရှင်နဲ့ ဆုရရှိခဲ့တဲ့ အလှမယ်

, updated

Miss Golden Land Myanmar ရဲ့ National Costume ပြိုင်ပွဲမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

အင်းလေးဒေသထွက်ကုန်များနဲ့ တီထွင်ထားတဲ့ ဖက်ရှင်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ကိုယ်စားပြုအလှမယ် ခက်ခက်ဇာက Best in Natonal Costume ဆုရရှိခဲ့ပါတယ်။ Miss Golden Land Myanmar ရဲ့ National Costume ပြိုင်ပွဲမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။

အကောင်းဆုံးဆုရရှိခဲ့တဲ့ အလှမယ် ခက်ခက်ဇာရဲ့ ဝတ်စုံကို ဒီဇိုင်နာ ဆုနွယ်လှိုင်က ဖန်တီးခဲ့ခြင်းဖြစ်ပြီး အလှမယ်ရဲ့ ဦးခေါင်းထက်မှာ အင်းလေးဒေသတွင်း အင်းသားများ ငါးဖမ်းရာတွင် အသုံးပြုတဲ့ ငါးဖမ်းဆောင်းနှင့် ကြာသင်္ကန်းများ ရက်လုပ်ရာတွင် အသုံးပြုတဲ့ ပဒုမ္မာကြာပွင့်များ ပန်ဆင်ခဲ့သည်။

ခန္ဓာကိုယ်တွင်လည်း အင်းလေးကန်အတွင်းသာရှိတဲ့ ငါးဖိန်းငါးကို ကိုယ်စားပြုကာ ငါးအကြေးခွံပုံစံဒီဇိုင်းကို အင်းလေးဒေသထွက် ပိုးဇင်းမယ်နဲ့ တွဲဖက်ဝတ်ဆင်ထားပြီး၊ ခါးမှ ခြေဖျားအထိ ငါးဖမ်းရာတွင် အသုံးပြုသော ငါးဖမ်းပိုက်ကွန်ရွှေရောင်ဖြင့် ဖြန့်ချအလှဆင်ထားတဲ့ ဝတ်စုံ ဖြစ်ပါတယ်။

Source & Photo : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ