Local Celebrity: တစ်ပတ်အတွင်း လူကြည့်အများဆုံး ပြည်တွင်းအနုပညာသတင်း

, updated
play

 

တရားဝင်ကွာရှင်းခွင့်ရသွားတဲ့ မိုးမိုးတို့ အိမ်ထောင်ရေး

အဆိုတော် မိုးမိုးနဲ့ တရားဝင်ကွာရှင်းရန် ဇနီးဖြစ်သူ မဖြူသီမျိုးလွင်ရဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထားမှုကို သြဂုတ်လ (၂၃) ရက်နေ့က မဖြူသီမျိုးလွင်အား အနိုင်ဒီဂရီပေးလိုက်ပြီး တရားဝင် ကွာရှင်းခွင့်ရရှိသွားပြီလို့ သိရပါတယ်။ လွန်ခဲ့တဲ့ (၃)နှစ်လောက်ကတည်းက အိမ်ထောင်ရေးပြဿ နာတွေကြောင့် တရားရုံးမှာ မိုးမိုးရဲ့ ဇနီးသည်ဟာ ကွာရှင်းခွင့် တောင်းခံခဲ့ပါတယ်။

play

 

တစ်ကိုယ်လုံးဖော်တဲ့ ပုံတွေတော့ မရိုက်ဘူးဆိုတဲ့ ဘေဘီမောင်

အနုပညာလောကထဲ ဝင်ခါစမှာ Sexy ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပြီး နာမည်ရလာတဲ့ ဘေဘီမောင်က လက်ရှိမှာတော့ ဖက်ရှင်ပိုင်းမှာ ပိုပြီး ဂရုစိုက်လာတာကို တွေ့ရပါတယ်။ အရင်တုန်းကတော့ sexy ဓာတ်ပုံတွေနဲ့ ဖော်သင့် သလောက် ဖော်ပြီး ရိုက်ခဲ့ပေမဲ့ အခုချိန်မှာတော့ အဲ့လို သိပ်မရိုက်ချင်တော့ဘူးလို့လည်း ဆိုပါတယ်။

play

 

အနုပညာရှင်များ ပါဝင်တဲ့ကား အမြန်လမ်းမှာ ကားဘီးတာရာပွင့်သွားခဲ့

အဆိုတော်များနဲ့ မင်းသားများ ပါဝင်ခဲ့တဲ့ မဟာယူနိုင်တက်ဘောလုံးအသင်းရဲ့ ကားက ဒီနေ့နံနက်( သြဂုတ်လ ၂၄ ရက်) မြင်းမူမြို့သို့ သွားရာ အမြန်လမ်းမပေါ် မိုင်တိုင် ၃၄၅ မိုင်မှာ ကားဘီး တာယာ ပွင့်သွားခဲ့တယ်လို့ သိရပါတယ် ။  ကားတာယာပွင့်ခဲ့ပေမဲ့ အဖွဲ့သားတွေ အားလုံး ဘုရားတရားလုပ်လာခဲ့ပေလို့ ဆိုးဆိုးရွားရွား ဘာမှ မဖြစ်ခဲ့ဘူးလို့ မဟာယူနိုက်တက်ဘောလုံးအသင်းမှာ ပါဝင်သူ သရုပ်ဆောင် နေဒွေးက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားပါတယ်။

play

 

ကိုယ်လုပ်ချင်တာ လုပ်တဲ့ ထွန်းအိန္ဒြာဗို

Reflection ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်နေတဲ့ ထွန်းအိန္ဒြာဗိုရဲ့ ကာရိုက်တာကတော့ ကိုယ်လုပ်ချင်တာကို မရရအောင် လုပ်တဲ့ အမျိုးသမီး တစ်ယောက်။ ခေါင်းမာပြီး ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်တဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ