Local Celebrity: ပုဂံမှာ လုပ်အားပေးနေတဲ့ အလှမယ်များ

နန်းခင်ဇေယျာ၊ ထားထက်ထက်၊ ဂုဏ်ရည်အေးကျော် တို့ပါဝင်တဲ့ MMCG အဖွဲ့က ပုဂံသို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။

play

 

အလှမယ်များ ပါဝင်ဖွဲ့စည်းထားတဲ့ Miss Myanmar Charity Group ဟာ ဆိုရင် သြဂုတ်လ(၂၄)ရက်နေ့ညနေက ပုဂံသို့ သွားရောက်ကာ လိုအပ်သည်များကို သွားရောက်ကူညီခဲ့ပါတယ်။

play

 

သြဂုတ်လ(၂၅)ရက်နေ့နဲ့ ဒီနေ့မှာလည်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ ဘုရားများတွင် သန့်ရှင်းခြင်းနဲ့ ပြုပြင်ထိန်းသိမ်းသိမ်းခြင်းများတွင် ပါဝင်လုပ်အားပေးနေတယ်လို့သိရပါတယ်။

play

ထို့အပြင် သြဂုတ်လ (၂၅) ရက်နေ့က  မိဘမဲ့ ဘုန်းတော်ကြီးစာသင်ကျောင်းရှိ ကလေးငယ်အယောက် (၂၀၀)အား MMCG မှ အာဟာရမုန့်များ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

Miss Myanmar Charity Group ထဲမှာ ပါဝင်တဲ့ အလှမယ်များကတော့ နန်းခင်ဇေယျာ၊ ထားထက်ထက်နဲ့ ဂုဏ်ရည်အေးကျော်တို့က သွားရောက်လုပ်အားပေးနေတာ ဖြစ်ပါတယ်။

Photo  : ထားထက်ထက်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ