Local Celebrity: နှုတ်ခမ်းနီ ထုတ်လုပ်ဖြန့်ချိမယ့် စိုင်းစိုင်းခမ်းလှိုင်

, updated

SAI အမှတ်တံဆိပ်ပါတဲ့ အလှကုန်ပစ္စည်းတွေကို ထုတ်လုပ်ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

play

 

အောက်တိုဘာလ(၉)ရက်နေ့မှာ SAI အမှတ်တံဆိပ်ပါဝင်တဲ့ ပထမဆုံး ကုန်ပစ္စည်းတစ်ခုဖြစ်တဲ့ နှုတ်ခမ်းနီကို စတင်ထုတ်လုပ်ဖြန့်ချိမှာ ဖြစ်ပါတယ်။ SAI (sexy and intelligent) အလှကုန်ပစ္စည်းတွေက စိုင်းစိုင်းအတွက် အနုပညာနဲ့မသက်ဆိုင်တဲ့ ပထမဆုံး ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတစ်ခုဖြစ်တယ်လို့ သြဂုတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက ထုတ်လွှင့်ခဲ့တဲ့ Live မှာ ပြောပြခဲ့ပါတယ်။

play

 

"နှုတ်ခမ်းနီမလေးတွေ အားလုံးအတွက် SAI နှုတ်ခမ်းနီဖြစ်ပါတယ်လို့ " စိုင်းစိုင်းက ကြေညာခဲ့ပါသေးတယ်။

play

 

SAI အလှကုန်ပစ္စည်းများထဲမှာ ပထမဆုံးထွက်ရှိမယ့် နှုတ်ခမ်းနီ မိတ်ဆက်ပွဲအခမ်းအနားကိုလည်း အောက်တိုဘာလ(၉)ရက်နေ့Junction Square မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နှုတ်ခမ်းနီကို Series လိုက်ထုတ်လုပ်သွားမှာ ဖြစ်ပြီး ကိုရီးယားနိုင်ငံကနေ ထုတ်လုပ်တင်သွင်းတာ ဖြစ်တယ်လို့ စိုင်းစိုင်းခမ်းလှိုင် ကိုယ်တိုင် ထုတ်လွှင့်တဲ့ Live မှာ ပြောပြခဲ့ပါတယ်။

Photo : စိုင်းစိုင်းခမ်းလှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ