Local Celebrity: ပုဂံဘုရားများ အတွက် ကျပ်သိန်း(၂၀၀)လှူဒါန်းမယ့် နှင်းဆီရင်ခွင်ဖောင်ဒေးရှင်း

, updated

ပုဂံဘုရားများ ပြန်လည်ပြုပြင်ရန်အတွက် သွားရောက်လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ငလျင်ဒဏ်ခံခဲ့ရတဲ့ ပုဂံဘုရားစေတီတော်များကို ပြန်လည်ပြုပြင်နိုင်ရန်အတွက် နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းမှ ငွေကျပ် သိန်း(၂၀၀)တိတိ သွားရောက်လှူဒါန်းမှာ ဖြစ်တယ်လို့ ကျော်ကျော်ဗိုရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"ရာဇဝင်ကို မှန်းဆပုံဖော် ထုဆစ်ခြင်းမဟုတ် သမိုင်းကို တမ်းတထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်ပါသည်။ မှတ်ကျောက် အသစ် အတင်ခံဖို့ မလိုပါ။ အသက်လောက်အစစ် တန်ဖိုးရှိတာသမိုင်းမပျောက်ဖို့ပါပဲ" လို့ ကျော်ကျော်ဗိုက ဆက်လက်ရေးသားထားပါတယ်။

လိုအပ်တဲ့နေရာများကို အမြဲတမ်းလှူဒါန်းဖြစ်နေတဲ့ " နှင်းဆီရင်ခွင်ဖောင်ဒေးရှင်း" ဟာ ဆိုရင် နှင်းဆီအဖွဲ့ သားများဖြစ်ကြတဲ့ ဒါရိုက်တာ မောင်မျိုမင်း(ရင်တွင်းဖြစ်)၊ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးတို့ပါဝင်ထားသလို မင်းသမီးတစ်ချို့လည်း ပါဝင်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

Photo  : ကျော်ကျော်ဗို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ