Local Celebrity: ဖျော်ဖြေပွဲတွေ နားလိုက်ရတဲ့ နီနီခင်ဇော်

ကျန်းမာရေးအခြေအနေကြောင့် ဖျော်ဖြေပွဲတွေ နားထားရတယ်လို့ သိရပါတယ်။

play

 

အဆိုတော် နီနီခင်ဇော်က လက်ရှိမှာ ကျန်းမာရေး အခြေအနေ မကောင်းတာကြောင့် ဖျော်ဖြေပွဲတွေ နားထားရတယ်လို့သိရပါတယ်။ ပရိသတ်တွေ စိတ်ပူမှာ စိုးတဲ့အတွက် သူမရဲ့ ကျန်းမာရေး အခြေအနေကို ထုတ်မပြောခဲ့ပေမဲ့ သြဂုတ် (၂၈)ရက်နေ့ကတော့ ဆေးကုသမှု ခံယူနေရတယ်ဆိုတာကို သူမရဲ့ အကောင့်မှာ ရေးသားထားပါတယ်။

play

 

"ပရိတ်သတ်ကြီး စိတ်ပူနေမှာ စိုးလို့ ထုတ်မပြောချင်ပေမဲ့လည်း  နီနီ ရဲ့ ခါးအခြေအနေ ပြင်းထန်နေလို့ ဆေးရုံ တက်နေရတဲ့ အတွက်ကြောင့် ဒီနေ့ မူဆယ်က ရှိုးပွဲကို မဆိုပေးနိုင်တာပါ။ မူဆယ်က ပရိတ်သတ်ကြီးတွေ ကို နီနီ အနူးအညွှတ်တောင်းပန်ပါတယ် ရှင့် " လို့ ရေးသားထားပါတယ်။

play

 

လက်ရှိမှာတော့ ဆရာဝန်ကြီးတွေက အနားယူခိုင်းထားတဲ့အတွက် ခရီးတွေ နားထားရတယ်လို့ သူမက ဆိုပါတယ်။ မကြာမီအချိန်မှာ ပရိသတ်တွေနဲ့ ကျန်းကျန်းမာမာပြန်တွေ့မယ်လို့လည်း ပြောထားပါသေးတယ်။

Photo : နီနီခင်ဇော် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ