AD
AD
AD
play

 

လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က အောင်ရင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မိုးအောင်ရင် တစ်ယောက်  မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ အဖမ်းခံရတယ်လို့ တင်ထားပါတယ်။

play

"အားလုံးကို ဝမ်းနည်းစွာနဲ့ အသိပေးချင်ပါတယ်။ ကျွန်တော် မကြုံချင်တဲ့ နေ့ကို မနေ့ညက စိတ်မကောင်းကြီးစွာနဲ့ ဖြတ်ကျော်ခဲ့ရပါတယ်။ ကျွန်တော့်သားနဲ့ သူ့သူငယ်ချင်းကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ မနေ့ညက အဖမ်းခံရကြောင်း သိရပါတယ်။ ကျွန်တော်ရဲ့ ဆုံးမသွန်သင်မှု အင်မတန် ညံ့ဖျင်ခဲ့လို့ထင်ပါတယ်။ မိဘတိုင်း ဒီလို သောကမျိုးတွေ ကင်းဝေကြပါစေ" လို့ အောင်ရင်ရဲ့ အကောင့်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က တင်ထားတာ ဖြစ်ပါတယ်။

play

 

ဒါပေမဲ့ ပို့စ်တင်ပြီး မိနစ်အနည်းငယ်မှာပဲ အဲ့ဒီပို့စ်ကို ပြန်ဖျက်သွားခဲ့ပါတယ်။ မိုးအောင်ရင်နဲ့ နောက်ဆက်တွဲ သတင်းများ ရရှိခဲ့ပါကလည်း ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Photo : Myanmar Celebrity

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD