Local Celebrity: နှုတ်ခမ်းနီက ပထမခြေလှမ်းဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

, updated

နောက်ထပ် အလှကုန်ပစ္စည်းတွေလည်း ထုတ်လုပ်ဖို့အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

play

 

SAI Comestic ခေါင်းစဉ်အောက်မှာ နောက်ထပ်အလှကုန်ပစ္စည်းတွေ လာဖို့ ရှိသေးတယ်လို့ စိုင်းစိုင်းက ဆိုပါတယ်။ အခုလောလော ဆယ်မှာတော့ ပထမခြေလှမ်းအနေနဲ့ SAI (Sexy and intelligent) လို့ နာမည်ပေးထားတဲ့ နှုတ်ခမ်းနီထောင့်ကို နိုဝင်ဘာ(၉)ရက်နေ့မှာ အရင်ဖြန့်ချိပေးတာဖြစ်တယ်လို့ သူက ပြောပါတယ်။

play

 

နှုတ်ခမ်းနီကိုလည်း စီးရီးအလိုက်ထုတ်လုပ်သွားဖို့ ရှိပြီး နောက်ပိုင်းမှာလည်း အမျိုးသား၊ အမျိုးသမီးပါသုံးလို့ရမယ့် အလှကုန်ပစ္စည်းများ ထုတ်လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

play

 

မကြာခင်ထုတ်လုပ်တော့မယ့် နှုတ်ခမ်းနီကိုတော့ ငွေကျပ် (၁၂၀၀၀)ကျပ်နဲ့ ဖြန့်ချိသွားမှာ ဖြစ်ပြီး အရောင်တွေက တော့  အနီရောင်၊ ပန်းရောင်နဲ့ အသားရောင်တို့ ဖြစ်ပါတယ်။

ှSource : 7day TV

Photo  : စိုင်းစိုင်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ