Local Celebrity: မိုးအောင်ရင်ကို ဥပဒေပုဒ်မ ၁၅/၁၆ နဲ့အရေးယူထားတယ်လို့ သိရ

, updated

ဒီနေ့ နံနက် အစောပိုင်းက ဖမ်းဆီးမိခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

play

 

သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ သတင်းအရ တာမွေမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတွေဟာ သြဂုတ်လ(၂၉)ရက်နေ့ နံနက် အစောပိုင်းက မိုးအောင်ရင်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာတွင် ဆေးခြောက်တွေလို့ ယူဆရတဲ့ အရွက်တွေနဲ့အတူ မူးယစ်ဆေးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ မိုးအောင်ရင်ရဲ့ သူငယ်ချင်း နှစ်ဦးကို ဖမ်းဆီး ရမိခဲ့တယ်လို့ တာမွေမြို့နယ် ရဲစခန်းက သိရပါတယ်။

play

 

မိုးအောင်ရင်ကိုတော့ နေအိမ်မှာ မတွေ့ရဘဲ ပုဇွန်တောင်မြို့နယ်က ရည်းစားဖြစ်သူ နေအိမ်မှာ ရောက်ရှိ နေတယ် လို့ သတင်း ရတာကြောင့် ပုဇွန်တောင်ရဲစခန်းက သွားရောက်ရှာဖွေရာမှာ အိုက်စ်မူးယစ်ဆေး (၁)ဂရမ်နဲ့အတူ လက်ဝယ်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

play

 

လက်တလောမှာတော့ မိုးအောင်ရင်ကို မူးယစ်ဆေးဝါးသုံးစွဲထားတာ ရှိမရှိ ရွာသာကြီးမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။

play

 

ဖခင်ဖြစ်သူ ဦးအောင်ရင်ကလည်း မိုးအောင်ရင် ကိစ္စနဲ့ စိတ်မကောင်းဖြစ်နေကြောင်းကို သူရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီ စာသားတွေကို တင်ပြီးခဏအကြာမှာ ပြန်ဖျက်သွားပါတယ်။

Source : DVB News

Photo  : မိုးအောင်ရင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ