မကြာခင်က ထွက်ရှိထားတဲ့ "မိန်းမနောက်ပိုး" ဇာတ်ကားနဲ့ ပရိသတ်တွေအားပေးမှု ရရှိလာခဲ့တဲ့ ငွေမှုံရတီက ကျောင်းစာ တစ်ဖက်နဲ့ အနုပညာအလုပ်တွေကို ကြိုးစားနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
လက်ရှိမှာ ဒါရိုက်တာ နေပိုင်ရိုက်ကူးနေတဲ့ "ဇေရဲထက်ကို ချစ်တယ်" ဆိုတဲ့ ဇာတ်ကားလေးမှာ မင်းသား ဇေရဲထက်နဲ့ အတူ ရိုက်ကူးနေတယ်လို့သိရပါတယ်။ သရုပ်ဆောင်အလုပ်ကို ဝါသနာပါသလို ဒီဇိုင်နာလည်း ဖြစ်ချင်တယ်လို့ သူမက ဂျာနယ်တစ်ခုရဲ့ အင်တာဗျူးမှာ ဖြေထားပါတယ်။ ဒါကြောင့် (၁၀)တန်းအောင်ပြီးရင် ဒီဇိုင်နာ သင်တန်းတက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပညာရေးကို ဦးစားပေးဖြစ်နေသလို ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင်လည်း သူမရဲ့ ဖေ့စ်ဘွတ်က တစ်ဆင့် Live လွှင့်တာ ပရိသတ်တွေနဲ့ စကားပြောဖြစ်နေတာကိုလည်း တွေ့ရပါတယ်။
Source : Morning Post Journal
Photo : ငွေမှုံရတီ ဖေ့စ်ဘွတ်